(၁-၃-၂၀၁၇) ရက်နေ့မှ (၆-၃-၂၀၁၇) ရက်နေ့ထိ AVSI မှ ဖွင့်လှစ်သည့် ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေးသင်တန်းသို့ တက်ရောက်လာသည့် ကယားပြည်နယ်အတွင်းရှိ ဆရာ/ဆရာမ (၃၉) ဦးအား ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးက (၆-၃-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပညာဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)