ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် တွင်ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကုန်းပြင်အုပ်စု ၊ ကျီးပင်ရွာတွင် (၆-၃-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု (၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ လူဦးရေ (၅)ဦးအတွက် (၃)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၄၅၀၀)ကျပ်  နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀)ကျပ် တို့ကို (၈-၃-၂၀၁၇) ရက်နေ့က အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events