(၃-၃-၂၀၁၇) ရက်နေ့တွင် ဒိုက်ဦးမြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ ဗမာကျွန်းကုန်းကျေးရွာ၌ မီးလောင်မှုကြောင့် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် FamilyKits (၁) ပုံးတို့အား (၆-၃-၂၀၁၇) ရက်နေ့တွင် ပဲခူုးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ဘေးသင့်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)