ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၃-၂၀၁၇) ရက်နေ့တွင် မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲကျင်းပရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ မင်းဘူးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ (၃၀)ဦးနှင့် သင်တန်းသား (၃၀) ဦးတို့ဖြင့် သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။