Category Archives: News
-
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ အောင်မြေကျေးရွာနေ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၇) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ အောင်မြေကျေးရွာတွင် ဖြစ်ပွားသော မီးဘေးသင့် အိမ်ထောင်စုတစ်စုအား ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု ကွန်စံလိတ်ကျေးရွာ တွင် DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မိုးတေကျေးရွာအုပ်စု ကွန်စံလိတ်ကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် DAN Mobile Application Software အသုံပြုပုံနည်းလမ်းများ ရှင်းလင်းပြောကြားခဲ့ ရာ ကျေးလက်ပြည်သူ (၁၀၀) ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက်ကို အောက်ပါအတိုင်းထုတ်ပြန်ထားပါသည်-
-
ကိုကိုးကျွန်းမြို့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းနှင့် တိုက်ကြီးမြို့ငလျင်ဘေး ကူညီဆောင်ရွက်မှုသတင်း
ရန်ကုန်၊ မတ်လ (၁၄)ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အတွက် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် တပ်မတော်လေယာဉ်ဖြင့် ကိုကိုးကျွန်းမြို့သို့ သွားရောက်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကိုကိုးကျွန်းမူကြိုသို့ သွားရောက်၍ မူကြိုသင်ကြားရေး နည်းစနစ်များ ခေတ်နှင့်အညီဖြစ်စေရေး သင်ထောက်ကူပစ္စည်းများ လုံလောက်စွာရှိရေး တို့ကိုမှာကြား ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကလေးငယ်များအား ကြက်ကြော်များ ကျွေးမွေး၍ ကစားစရာအရုပ် များဝေငှခဲ့ပါသည်။ ပြည်ထောင်စု၀န်ကြီးသည် မြို့နယ်ခန်းမတွင် … Read more
-
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာနေ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာတွင် (၁၃-၃-၂၀၁၇) ရက်နေ့၌ မီးဘေးသင့်မှုကြောင့် အိမ်ခြေ (၂)၊ အိမ်ထောင်စု (၂)၊ လူဦးရေ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၈၁၀၀ိ/-) ၊စုစုပေါင်း (၂၀၈၁၀၀ိ/-) အား (၁၄-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကရင်ပြည်နယ်၊မြဝတီမြို့တွင်သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ် သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံး၌ သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းအား ဖွင့်လှစ်ခဲ့ရာ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား ၁၄. ၃. ၂၀၁၇ ရက်နေ့မှ ၁၆. ၃ .၂၀၁၇ ရက်နေ့အထိ(၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ သင်တန်းသား/သူ များအား သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ရှိ မီးဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တင်းမြို့နယ်၊ လှေကြပ်ကုန်းကျေးရွာအုပ်စု၊ လိန်ကွင်းကျေးရွာတွင် (၇-၃-၂၀၁၇)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၂)လုံးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့် အိမ်ခြေ (ဝါးကြမ်းခင်း၊ သက္ကယ်မိုး၊ထရံကာ) (၁)လုံးအတွက် (၅၀၀၀၀)ကျပ်၊ (သွပ်မိုး၊ပျဉ်ကာ) (၁)လုံးအတွက် (၁၀၀၀၀၀)ကျပ်နှင့် လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ (၅၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅၅၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး နှင့်Family Kits တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၈-၃-၂၀၁၇)ရက်နေ့တွင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာအုပ်စု ရုပ်ချောင်းရွာနေ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၇) ရက်နေ့ တွင် မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာအုပ်စု ရုပ်ချောင်းရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂) လုံး၊ လုံးဝပျက်စီးခဲ့ လူနေအိမ် (၂၃) အိမ်၊ အစိတ်အပိုင်းများ အမိုးများပျက်စီးခဲ့ရာ မိသားစု (၂၅) စုမှ ကျား (၅၄) ဦး၊ မ (၅၃) ဦး ပေါင်း (၁၀၇) ဦး လေဘေးသင့်ခဲ့ရာ အဆိုပါ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၂) … Read more
-
ရွှေတောင်မြို့နယ်၊ တရုတ်မော်ကျေးရွာအုပ်စု၊ သီရိ (၂) ရပ်ကွက်၌ ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မော်ကျေးရွာအုပ်စု၊ သီရိ (၂) ရပ်ကွက်၌ (၁-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၃) လုံး ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ပါသည်။ အဆိုပါ ပြောင်းရွှေ့ အိမ် (၃) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် (၆၀,၀၀၀) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၈,၁၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၈,၁၀၀) … Read more
-
လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၃-၂၀၁၇) ရက်နေ့မှ (၁၅-၃-၂၀၁၇) ရက်နေ့အထိ (၃) ရက်တိတိ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရွာတန်းအုပ်စုနှင့် ညောင်အုပ်ဖီးအုပ်စုများ တွင် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး လေဘေး ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များလည်း ဝေငှပေးခဲ့ပါသည်။ လေပြင်းဒဏ်မခံနိုင်သော ကိုယ်တိုင် ပြုပြင်ရန် အခက်အခဲရှိသော (၃၁၁) အိမ်အား တိုင်းဒေသကြီးဦးစီးမှူး (ကဆရ)၊ သဘာဝဘေးတုံ့ပြန် ဆောင်ရွက်ရေးပရဟိတအဖွဲ့ (မန္တလေး) နှင့် ဝမ်းတွင်းမြို့ဒေသခံပရဟိတအသင်းများပူးပေါင်း၍ ပြုပြင် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









