ရန်ကုန်၊ မတ်လ (၁၄)ရက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အတွက် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် တပ်မတော်လေယာဉ်ဖြင့် ကိုကိုးကျွန်းမြို့သို့ သွားရောက်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကိုကိုးကျွန်းမူကြိုသို့ သွားရောက်၍ မူကြိုသင်ကြားရေး နည်းစနစ်များ ခေတ်နှင့်အညီဖြစ်စေရေး သင်ထောက်ကူပစ္စည်းများ လုံလောက်စွာရှိရေး တို့ကိုမှာကြား ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ကလေးငယ်များအား ကြက်ကြော်များ ကျွေးမွေး၍ ကစားစရာအရုပ် များဝေငှခဲ့ပါသည်။
ပြည်ထောင်စု၀န်ကြီးသည် မြို့နယ်ခန်းမတွင် လွှတ်တော်ကိုယ်စားလှယ်များ ဌာန ဆိုင်ရ ၀န်ထမ်းများ လူမှုရေးအသင်းအဖွဲ့များ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူ့အစိုးရ အသစ်၏ ပြည်သူ့အတွက် ဆောင်ရွက်ပေးနေမှုများ၊ ၀န်ကြီးဌာန၏ မူဝါဒနှင့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ပြည်သူများမှ တင်ပြသော ဒေသအတွက် ၀န်ကြီးဌာနက ဆောင်ရွက်ပေးနိုင်သည်များကို ဆောင်ရွက်ပေး နိုင်ရန် ချက်ချင်းကတိပြုညှိနှိုင်းပေးခဲ့ပါသည်။ အချို့သော တင်ပြချက်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ ထို့နောက် ကိုကိုးကျွန်းမြို့နယ်အတွက် အချိန်အခါမရွေး ဆက်သွယ်နိုင်သော Single Sided Band (SSB) စကားပြောစက်တစ်လုံး၊ FM ရေဒီယိုများ၊ အစားအစာများ နှင့် ၀န်ကြီးဌာနသတင်းလွှာများ ထောက်ပံ့ခဲ့ပါသည်။ ထို့နောက် ကိုကိုးကျွန်းမြို့ (အထက) တွင် တက္ကသိုလ်၀င်တန်းဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုပြီး၊ ကျောင်းသူ/ သားများအား အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကိုကိုးကျွန်းမြို့နယ် ဆေးရုံသို့သွားရောက်၍ ဆေးရုံ တက်ရောက်ကုသနေသော လူနာများအား ထောက်ပံ့ငွေများ ပေးအပ်ပြီး အားပေး စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ဇိနမာရ်ဇိန် ကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော်အား ဖူးမျှော်ကာ လှူဖွယ်၀တ္တုများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ခရီးစဉ်အတွင်း ပြည်ထောင်စု ၀န်ကြီးသည် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အထူးရန်ပုံငွေ၊ လွှတ်တော်ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်း များအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
ပြည်ထောင်စု၀န်ကြီးနှင့် အဖွဲ့သည် ကိုကိုးကျွန်းမြို့မှ နံနက်(၁၁း၄၅)နာရီအချိန်တွင် ြပန်လည် ထွက်ခွါလာရာ ရန်ကုန်မြို့သို့ နေ့လည်(၁:၀၀)နာရီအချိန်တွင် ရောက်ရှိပါသည်။
ပြည်ထောင်စု၀န်ကြီးနှင့် အဖွဲ့သည် (၁၃-၃-၂၀၁၇) ရက်နေ့ ညပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများရှိခဲ့သော တိုက်ကြီးမြို့သို့ ဆက်လက် ထွက်ခွါလာရာ နေ့လည် (၃:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့သို့ ရောက်ရှိပါသည်။ ပြည်ထောင်စု၀န်ကြီးသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအေ၀းခမ်းမတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေး၀န်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ နေအိမ်ထိခိုက်ပျက်စီးခဲ့သော ပြည်သူများ၊ ရပ်မိရပ်ဖများ၊ ြပည်သူများနှင့် တွေ့ဆုံ၍ ငလျင်လှုပ်ပြီးသည်နှင့် ၀န်ကြီးဌာနအနေဖြင့် ကနဦး ထိခိုက်ပျက်စီးမှုသတင်း များ စုဆောင်းပြီး၊ ရန်ကုန်တိုင်းဒေသကြီး ကယ်ဆယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော အဖွဲ့အား ညတွင်းချင်းစေလွှတ်၍ လိုအပ်သော ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ပျက်စီးသွားသော သာသနိကအဆောက်အဦ(၂၉)လုံးအတွက် တစ်လုံးလျှင် (၂)သိန်းကျပ်နှုန်း၊ ပျက်စီးသွားသော လူနေအိမ်(၆)လုံးအတွက် တစ်လုံးလျှင်(၂) သိန်းကျပ်နှုန်း၊ ထောက်ပံ့ခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စု၀န်ကြီးသည် တိုက်ကြီးမြို့နယ် ရဲစခန်းတွင် ပျက်စီးသွား သော လူနေအိမ်လိုင်းခန်းများအား သွားရောက ်ကြည့်ရှုပါသည်။ ထို့နောက် ပြည်ထောင်စု ၀န်ကြီးသည် တိုက်ကြီးမြို့နယ်ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော လူနာများအား သွားရောက် ကြည့်ရှုပြီး လူနာ(၆)ဦးအတွက် တစ်ဦးလျှင် (၅)သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ခဲ့ပြီး အားပေးစကားများ ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုရှိသော မြို့နယ်လ၀ကရုံးနှင့် မစိုးရိမ်ပရိယတ္တိစာသင်တိုက်နှင့် စေတီသို့ သွားရောက် ကြည့်ရှုခဲ့ ပါသည်။ ယနေ့ထောက်ပံ့မှု စုစုပေါင်း မှာ (၇၃)သိန်းကျပ် ဖြစ်ပါသည်။ ထို့အပြင် လိုအပ်သော နေရာများတွင် အရေးပေါ်ရွက်ဖျင်တဲများ၊ ယာယီနေအိမ်ရုံးခန်းများအတွက်အသုံးပြုရန် Modular House များ၊ ဆောက်လုပ်ပေးနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရှိရပါသည်။