
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံး၌ သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းအား ဖွင့်လှစ်ခဲ့ရာ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား ၁၄. ၃. ၂၀၁၇ ရက်နေ့မှ ၁၆. ၃ .၂၀၁၇ ရက်နေ့အထိ(၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ သင်တန်းသား/သူ များအား သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)