ရွှေတောင်မြို့နယ်၊ တရုတ်မော်ကျေးရွာအုပ်စု၊ သီရိ (၂) ရပ်ကွက်၌ ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မော်ကျေးရွာအုပ်စု၊ သီရိ (၂) ရပ်ကွက်၌ (၁-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် (၃) လုံး ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ပါသည်။ အဆိုပါ ပြောင်းရွှေ့ အိမ် (၃) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် (၆၀,၀၀၀) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၈,၁၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၈,၁၀၀) ကျပ်တို့အား (၉-၃-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events