Category Archives: News
-
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခဲတောက်ကျေးရွာအုပ်စု၊ ကျုံပိုက်ရွာ မြေပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခဲတောက်ကျေးရွာအုပ်စု၊ ကျုံပိုက်ရွာ၌ (၂၂-၃-၂၀၁၇) ရက်နေ့ (၁၄:၂၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် ဒဏ်ရာရရှိသူ ကျား (၁) ဦး၊ မ(၁) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ်နှင့် သေဆုံးသူ ကျား (၂) ဦး၊ မ (၁) ဦးအတွက် တစ်ဦးလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀) ကျပ် စုစုပေါင်း (၄၀၀,၀၀၀) ကျပ်တို့အား … Read more
-
လယ်ဝေးမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ နယ်မြေ (၉) တွင် ဖြစ်ပွားသောမီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၇) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ နယ်မြေ (၉) တွင် မီးဘေးဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကို (၃၀-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မႈသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများ သည် (၂၉-၃-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်ခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာ စကားပြောကြားကာ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးဟောပြောပြီး၊ တက်ရောက်လာသူများမှ အဖွဲ့လိုက်တင်ပြဆွေးနွေးခြင်း၊ DAN Mobile Application ဖြန့်ဝေပေးခြင်းနှင့် မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်များ၌ လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အသုံးပြုရန် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ကျပ် သိန်း (၁၀၀) နှင့် ပြည်နယ်အစိုးရအဖွဲ့မှ ကျပ် သိန်း … Read more
-
လေဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များအား ပြုပြင်ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပုညကုသလ လူမှုကူညီရေးအသင်းနှင့် မြင်းကျကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့နှင့် ပူးပေါင်း၍ (၃၀-၃-၂၀၁၇) ရက်နေ့တွင် ရေဦးမြို့နယ်၊ သံသည်ကျေးရွာနှင့် မြင်းပေါက်ကျေးရွာတို့၌ လေဘေးကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာများအတွင်းရှိ ပြန်လည်ပြုပြင်ရန်လိုအပ်သော နေအိမ်များအား သံ၊သွပ်၊ သွပ်မှို၊ သွပ်ကြေးနန်း၊ ဝါးတို့ဖြင့် စတင်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မဘိမ်းမြို့နယ်ခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် မဘိမ်းမြို့နယ်ခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်မှူး (ကဆရ) မှဦးဆောင်ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ကာ တက်ရောက်လာသူများမှ အဖွဲ့လိုက်တင်ပြဆွေးနွေး ခြင်းနှင့် DAN Mobile Application ဖြန့်ဝေပေးခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် နောင်ကျန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၃၀-၃-၂၀၁၇) ရက်နေ့တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဝေငှ ပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၂၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်သည့်သတင်း
(၂၉-၃-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဇောက်ကျေးရွာအုပ်စု၊ ပေါက်တောကြီးကျေးရွာနှင့် ရွှေကျောင်းကျေး ရွာ၌ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ရေစကြိုမြို့နယ်အုပ်ချုပ်ရေးမှူး၊ တပ်မတော်မှယာယီတပ်ရင်းမှူးနှင့် ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ရေစကြိုလူငယ် ကွန်ယက်၊ ပန်းပျိုးလက်ပရဟိတအသင်းအဖွဲ့၊ မနောသုခကျန်းမာရေးနှင့် လူမှုကူညီရေးအသင်း၊ ရွှေပါရမီလူမှုကူညီရေးအသင်းစသည့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာသူ/ကျေးရွာသားများ စသည်ဖြင့် အင်အား (၇၀၀) ဦးခန့်တက်ရောက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်၊၊ ကျေးရွာလူထုအကြား သဘာဝဘေးအသိပညာဗဟုသုတရရှိစေရန်၊ မုန်တိုင်းဇာတ်တိုက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် … Read more
-
ကျိုင်းတုံမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးကျောင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၉-၃-၂၀၁၇) ရက်နေ့တွင် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် နေ့လည် (၁၃:၀၀) မှ (၁၄:၃၀) အချိန်အထိ ကျိုင်းတုံမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေး ကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ လူဦးရေ (၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)









