(၂၉-၃-၂၀၁၇) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဇောက်ကျေးရွာအုပ်စု၊ ပေါက်တောကြီးကျေးရွာနှင့် ရွှေကျောင်းကျေး ရွာ၌ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ရေစကြိုမြို့နယ်အုပ်ချုပ်ရေးမှူး၊ တပ်မတော်မှယာယီတပ်ရင်းမှူးနှင့် ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ရေစကြိုလူငယ် ကွန်ယက်၊ ပန်းပျိုးလက်ပရဟိတအသင်းအဖွဲ့၊ မနောသုခကျန်းမာရေးနှင့် လူမှုကူညီရေးအသင်း၊ ရွှေပါရမီလူမှုကူညီရေးအသင်းစသည့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာသူ/ကျေးရွာသားများ စသည်ဖြင့် အင်အား (၇၀၀) ဦးခန့်တက်ရောက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်၊၊ ကျေးရွာလူထုအကြား သဘာဝဘေးအသိပညာဗဟုသုတရရှိစေရန်၊ မုန်တိုင်းဇာတ်တိုက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် သဘာဝဘေးတုံ့ပြန်နိုင်သည့် အားနည်းချက်/ အားသာချက်များကို ကျေးရွာလူထုကိုယ်တိုင်သိရှိစေရန်၊ ရပ်ရွာလူထုနှင့် မိတ်ဖက်အဖွဲ့ အစည်းများ၏ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သိရှိရပါသည်။
ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)