ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပုညကုသလ လူမှုကူညီရေးအသင်းနှင့် မြင်းကျကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့နှင့် ပူးပေါင်း၍ (၃၀-၃-၂၀၁၇) ရက်နေ့တွင် ရေဦးမြို့နယ်၊ သံသည်ကျေးရွာနှင့် မြင်းပေါက်ကျေးရွာတို့၌ လေဘေးကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာများအတွင်းရှိ ပြန်လည်ပြုပြင်ရန်လိုအပ်သော နေအိမ်များအား သံ၊သွပ်၊ သွပ်မှို၊ သွပ်ကြေးနန်း၊ ဝါးတို့ဖြင့် စတင်ပြုပြင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)