ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခဲတောက်ကျေးရွာအုပ်စု၊ ကျုံပိုက်ရွာ၌ (၂၂-၃-၂၀၁၇) ရက်နေ့ (၁၄:၂၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် ဒဏ်ရာရရှိသူ ကျား (၁) ဦး၊ မ(၁) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ်နှင့် သေဆုံးသူ ကျား (၂) ဦး၊ မ (၁) ဦးအတွက် တစ်ဦးလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၃၀၀,၀၀၀) ကျပ် စုစုပေါင်း (၄၀၀,၀၀၀) ကျပ်တို့အား (၂၄-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)