မဘိမ်းမြို့နယ်ခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

ss1 ss2

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် မဘိမ်းမြို့နယ်ခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်မှူး (ကဆရ) မှဦးဆောင်ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ကာ တက်ရောက်လာသူများမှ အဖွဲ့လိုက်တင်ပြဆွေးနွေး ခြင်းနှင့် DAN Mobile Application ဖြန့်ဝေပေးခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events