သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မႈသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများ သည် (၂၉-၃-၂၀၁၇) ရက်နေ့ နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်ခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာ စကားပြောကြားကာ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှတာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးဟောပြောပြီး၊ တက်ရောက်လာသူများမှ အဖွဲ့လိုက်တင်ပြဆွေးနွေးခြင်း၊  DAN Mobile Application ဖြန့်ဝေပေးခြင်းနှင့် မိုးမိတ်မြို့နယ်နှင့်  မဘိမ်းမြို့နယ်များ၌  လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အသုံးပြုရန် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ကျပ် သိန်း (၁၀၀) နှင့်  ပြည်နယ်အစိုးရအဖွဲ့မှ ကျပ် သိန်း (၅၀) တို့ကိုထောက်ပံ့ပေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ လူဦးရေ စုစုပေါင်း (၁၁၀) ဦး ခန့် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events