Category Archives: News
-
ဗန်းမော်မြို့၊ ရေနီကျေးရွာတွင်(၃-၄-၂၀၁၇) ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စားခံရမှုအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၄-၂၀၁၇) ရက်နေ့၌ ဗန်းမော်မြို့၊ ရေနီကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စား ခံရမှုကြောင့် ညောင်ပင်သာကျေးရွာသို့ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁၇၃) စု၊ အိမ်ခြေ (၁၄၈) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ဖိုးငွေ (၁၈၉၀၀၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၈၀၀၀၀၀ိ/-)ကျပ်နှင့် ကံသာကျေးရွာရှိအိမ်ထောင်စု(၇၇) စု၊ အိမ်ခြေ (၇၇) လုံးတို့တွင် အိမ်ထောင်စု (၃၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ဖိုးငွေ (၄၂၆၃၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၇၀၀၀၀၀ိ/-) … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်များနှင့် ဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ ကော့မူးဒါကျေးရွာ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက်များအား ကျေးရွာပြည်သူလူထုများထံသို့ ဖြန့်ဝေပေးခြင်း၊ မုန်တိုင်းဘေး၊ လေဘေး၊ မိုးကြိုးဘေးအန္တရာယ်များအကြောင်းရှင်းလင်းပြောကြားခြင်း၊သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွနေပြည်သူလူထု စုစုပေါင်း (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာအတွင်းရှိ ပြည်သူများအား ရေသန့်စက်နှင့် ရေသန့်ဆေးဗူးများထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် (၁၁းဝ၀) နာရီတွင် စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာ၌ သောက်ရေရှားပါးသည့်အတွက် ရေသန့်စက် (၁) လုံးနှင့် ရေသန့်ဆေးဗူး (၁၄) ဗူးပါ (၂) အိတ် အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးသုံးနည်းကိုလည်း လက်တွေ့စမ်းသပ်ပြသခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာနှင့် ဆက်စပ်နေသောရွာ (၇) ရွာအား မြေသားလမ်း မှ ကျောက်ချောလမ်းခင်းနိုင်ရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်မှုသတင်း
ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ပေးအပ်ချက်အရ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် တာဝန်ရှိသူများသည် ကျေးရွာများဖွံ့ဖြိုးတိုးတက်မှုအတွက် စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာနှင့် ဆက်စပ်နေသောရွာ (၇) ရွာအား မြေသားလမ်းမှ ကျောက်ချောလမ်းခင်းနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို ့ပန်ကြားချက် ဗီနိုင်းကို လွိုင်ကော်မြို့၊ စျေးရှေ့၌ အများပြည်သူသိရှိစေရန် ချိတ်ဆွဲဆောင်ရွက်ထားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၉-၄-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို ့ပန်ကြားချက် ဗီနိုင်းကို လွိုင်ကော်မြို့၊ စျေးရှေ့တွင် အများပြည်သူသိရှိစေရန် ချိတ်ဆွဲဆောင်ရွက်ထားကြောင်း သိရှိရပါသည်။
-
ဒီးမော့ဆိုမြို့နယ် လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာနှင့် ဆောင်ဒူလာကျေးရွာအုပ်စု၊ ဆောင်ဒူလာကျေးရွာများသို့ သောက်သုံးရေများနှင့် ရေသန့်ဆေးထုပ်များ သွားရောက်ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွေရာသီသောက်သုံးရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာသို့ (၁၁၀၀) ဂါလံဆန့် ရေသယ်ယာဉ် (၃) စီး၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ဆောင်ဒူလာကျေးရွာများသို့ (၅၅၀) ဂါလံဆန့် ရေသယ်ယာဉ် (၂) စီ၊ စုစုပေါင်းရေသယ်ယာဉ် (၅) စီးနင့် ရေသန့်ဆေးထုပ်များကို (၉-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။ ၄င်းနောက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို ့ပန်ကြားချက်စာရွက်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မုတ်သုန်အကြိုကာလ သဘာဝဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ရန်အတွက် ကြိုတင်လုပ်ငန်းအစည်းအဝေး ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် (၀၈း၃၀) နာရီတွင် စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးခန်းမ၌ မုတ်သုန်အကြို ကာလသဘာဝဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ရန် အတွက် ကြိုတင်လုပ်ငန်း အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း (၅၃) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး၊ လေးမျက်နှာမြို့နယ်မှတာဝန်ရှိသူများ၊ လူမှုဖွံံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများလိုက်ပါလျက် လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းအုပ်စု၌ (၄-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကွမ်းခြံကုန်းအုပ်စုအတွင်းရှိ လေဘေးသင့်ခဲ့သော နေအိမ်များအတွက် လုံးဝပြိုကျနေအိမ်(သစ်)(၆) လုံးအတွက် (၁,၂၀၀,၀၀၀) ကျပ်၊ လုံးဝပြိုကျအိမ် (ဝါး) (၁၄) လုံးအတွက်(၁,၄၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၇၂) လုံးအတွက် (၇,၂၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်းအတွက် (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉,၉၀၀,၀၀၀) ကျပ်နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှလည်း ကွမ်းခြံကုန်းအုပ်စု … Read more
-
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ င၀န်မြစ်အတွင်း စက်လှေနစ်မြုပ်မှု အခြေအနေနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ကူညီဆောင်ရွက်မှု အခြေအနေ
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ င၀န်မြစ်အတွင်း (၇-၄-၂၀၁၇)နေ့ (၁၉: ၁၀) အချိန်ခန့်တွင် ပုသိမ်မြို့မှ ငပုတောမြို့သို့ မင်္ဂလာဆောင်အပြန် လူဦးရေ(၅၀)ကျော် တင်ဆောင်လာသော ငွေကြယ်စင်စက်လှေသည် ဥမ္မာဒန္တီ ဆိပ်ခံတံတားအနီးတွင် နဒီရွှေစင်ကျောက်တင်သင်္ဘောနှင့် တိုက်မိခဲ့ ရာ ငွေကြယ်စင်စက်လှေနစ်မြုပ်ခဲ့ပြီး ကျား (၄)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း(၂၀) ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ကြောင်း၊ ကျား(၂၅)ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၂၉) ဦး အသက်ရှင်လျက် ကူညီကယ်ဆယ်နိုင်ခဲ့ ေကြာင်း၊ ကျား(၂၁) ဦး၊ မ(၄)ဦး၊ စုစုပေါင်း (၂၅)ဦးကိုပုသိမ်ဆေးရုံ၌ အတွင်းလူနာ အဖြစ်လည်းကောင်း၊ … Read more
-
ဖရူဆိုမြို့နယ်၊ ထီးသော်တနီးကူးကျေးရွာနှင့်ဒေါ်ကူလယ်ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွေရာသီ သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ထီးသော်တနီးကူးကျေးရွာနှင့်ဒေါ်ကူလယ်ကျေးရွာများသို့ (၁၁၀၀)ဂါလံဆန့် ရေသယ်ယာဉ်တစ်စီးစီ၊ စုစုပေါင်းရေသယ်ယာဉ်(၂)စီးကို (၇-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)









