လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်များနှင့် ဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောမှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ ကော့မူးဒါကျေးရွာ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက်များအား ကျေးရွာပြည်သူလူထုများထံသို့ ဖြန့်ဝေပေးခြင်း၊ မုန်တိုင်းဘေး၊ လေဘေး၊ မိုးကြိုးဘေးအန္တရာယ်များအကြောင်းရှင်းလင်းပြောကြားခြင်း၊သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွနေပြည်သူလူထု စုစုပေါင်း (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events