လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွေရာသီသောက်သုံးရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာသို့ (၁၁၀၀) ဂါလံဆန့် ရေသယ်ယာဉ် (၃) စီး၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ဆောင်ဒူလာကျေးရွာများသို့ (၅၅၀) ဂါလံဆန့် ရေသယ်ယာဉ် (၂) စီ၊ စုစုပေါင်းရေသယ်ယာဉ် (၅) စီးနင့် ရေသန့်ဆေးထုပ်များကို (၉-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။ ၄င်းနောက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို ့ပန်ကြားချက်စာရွက်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)