ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး၊ လေးမျက်နှာမြို့နယ်မှတာဝန်ရှိသူများ၊ လူမှုဖွံံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများလိုက်ပါလျက် လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းအုပ်စု၌ (၄-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကွမ်းခြံကုန်းအုပ်စုအတွင်းရှိ လေဘေးသင့်ခဲ့သော နေအိမ်များအတွက် လုံးဝပြိုကျနေအိမ်(သစ်)(၆) လုံးအတွက် (၁,၂၀၀,၀၀၀) ကျပ်၊ လုံးဝပြိုကျအိမ် (ဝါး) (၁၄) လုံးအတွက်(၁,၄၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၇၂) လုံးအတွက် (၇,၂၀၀,၀၀၀) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်းအတွက် (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉,၉၀၀,၀၀၀) ကျပ်နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှလည်း ကွမ်းခြံကုန်းအုပ်စု ဘေးသင့်ပြည်သူများနှင့် ဘာသာရေးအဆောက်အဦများအတွက် မြောင်းသွပ် (၈ပေ-၃ပေ) (၂၁၀) ချပ်တို့အား (၇-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)