ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၄-၂၀၁၇) ရက်နေ့၌ ဗန်းမော်မြို့၊ ရေနီကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စား ခံရမှုကြောင့် ညောင်ပင်သာကျေးရွာသို့ပြောင်းရွှေ့ရသော အိမ်ထောင်စု (၁၇၃) စု၊ အိမ်ခြေ (၁၄၈) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ဖိုးငွေ (၁၈၉၀၀၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၈၀၀၀၀၀ိ/-)ကျပ်နှင့် ကံသာကျေးရွာရှိအိမ်ထောင်စု(၇၇) စု၊ အိမ်ခြေ (၇၇) လုံးတို့တွင် အိမ်ထောင်စု (၃၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ဖိုးငွေ (၄၂၆၃၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၇၀၀၀၀၀ိ/-) ကျပ်တို့အား ဗန်းမော်မြို့နယ် ရေနီကျေးရွာ(သာသနာ့ဓမ္မမာမက)ကျောင်းတိုက်တွင် (၈-၄-၂၀၁၇)ရက်နေ့၌ ကချင်ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်၊ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)နှင့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)မှတာဝန်ရှိသူများမှ ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)