Category Archives: News
-
ကျေးရွာအခြေပြုသဘာဝဘေးလျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ် မွမ်းမံသင်တန်း ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၇) ရက်နေ့တွင် Action Aid Myanmar ဖျာပုံအဖွဲ့နှင့် ပူးပေါင်းပြီး ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာတွင် ကျေးရွာအခြေပြုသဘာဝဘေးလျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်မွမ်းမံသင်တန်းအား သင်တန်းသား/သူ (၃၀) ဦး ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းတွင် ဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်သရုပ်ပြလေ့ကျင့်ခြင်း၊ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ Table Top Exercise ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နံရံကပ်ပိုစတာများ၊ လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး DAN mobile application နှင့် Kobo Collect mobile application … Read more
-
လေဘေးကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် မြိတ်ကမ်းနားလမ်းတစ်လျှောက်သို့ သွားရောက်၍ လေဘေးကြိုတင်ကာကွယ်ရေး ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များအား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်နိုင်ရန်နှိုးဆော်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိိသူများသည် (၉-၄-၂၀၁၇)ရက်နေ့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ကျိုင်းတုံမြို့တွင်း ရပ်ကွက်နေပြည်သူသို့ပြန်ကြားချက်အား လိုက်လံနှိုးဆော်နေပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဆီဆုံကန်ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေ ထောက်ပံ့မှုသတင်း
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိ သူများသည် သောက်သုံးရေရှားပါးသော မြစ်သားမြို့နယ်၊ ဆီဆုံကန်ကျေးရွာအတွက် ရေသန့်ကတ် (၆) လုံးပါ (၂၀၀) ကဒ်အား လတ်တလော သောက်သုံးနိုင်ရန်ထောက်ပံ့ခြင်း ရွာ၏အပြင်ဘက်၌ ရေချို ရရှိနိုင်မည့်နေရာများကို လိုက်လံကြည့်ရှု့ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ရေရှည်သောက်သုံးရေဖူလုံစေရေး ညှိုနှိုင်းဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိပါသည်။ Source:မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လယ်ဝေးမြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကျောင်းကုန်းကျေးရွာနေပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကျောင်းကုန်းကျေးရွာအတွင်းရှိ အိမ်ခြေ (၄၉) စု၊ လူဦးရေ (၂၃၈) ဦးအတွက် သောက်သုံးရေ ဂါလံ (၉၀၀) အား (၁၀-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် လေပြင်းဘေးကြိုတင် သတိပေးစာစောင်များဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ အထက်စည်းမောင်းကျေးရွာ၊ အထက်စည်းမောင်းဘုန်းတော်ကြီး ဓမ္မာရုံ၌သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီးလေဘေးကြိုတင်သတိပေးစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၄၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဇီးတောအုပ်စု၊ သပြေပင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ လွှဲပြောင်းပေးအပ်မှုသတင်း
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဇီးတောအုပ်စု၊ သပြေပင်ကျေးရွာ၌ (၈-၄-၂၀၁၇) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဦးဇော်မျိုးထက်၏နေအိမ်ခေါင်မိုးပေါ်ရှိ ဆိုလာပြားမှအပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ် (၂)လုံး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၇) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ ဆန်နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၁၄၇၀၀) ကျပ်တိတိကို (၁၀-၄-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိတစ်ဦးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံ လွှဲပြောင်းထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ အထက်စည်းမောင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး ဝါးခင်း ဝါးကာ နေအိမ် (၁)လုံးနှင့် ဓနိမိုး ဝါးခင်း ဝါးကာ နေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စု (၂) စုမှ ကျား (၃) ဦး၊ မ (၄) ဦး စုစုပေါင်း (၇) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
“လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ ပန်ကြားချက်” ဗီနိုင်းအား အများပြည်သူများသိရှိနိုင်ရန် ချိတ်ဆွဲဆောင်ရွက်မှုသတင်း
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ (၁၀-၄-၂၀၁၇) ရက်နေ့၊ (၁ဝးဝ၀) နာရီအချိန်တွင် “လေပြင်းဘေးကြိုတင် ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ ပန်ကြားချက်” ဗီနိုင်းအား အများပြည်သူများသိရှိနိုင်စေရန် မြင်သာသော လပွတ္တာမြို့၊ အမှတ် (၆) ရပ်ကွက်၊ ရေပေါ်စျေးကော်မတီရုံးရှေ့၌ ချိတ်ဆွဲဆောင်ရွက်ခဲ့ပြီး ပန်ကြားချက်စာရွက်များကိုလည်း စျေးသွားစျေးလာပြည်သူများသို့ ဝေငှခဲ့ကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့ (၁းဝ၀) နာရီ တွင် စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိ ပညာပေးဟောပြောပွဲအား ကျေးရွာသူ/သား လူအင်အား (၁၀၀) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် ဘေး (၈) မျိုး လက်ကမ်းစာစောင် (၁) မျိုး (၁၀၀) စောင်ဖြင့် စုစုပေါင်း (၈၀၀) စောင်၊ ဘေး (၄) မျိုး နံရံကပ်ပိုစတာ ရခိုင်ဘာသာနှင့် မြန်မာဘာသာ (၈) မျိုးနှင် လေပြင်းဘေးကြိုတင်ပြင်ဆင်ချက် စာစောင် … Read more









