ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ အထက်စည်းမောင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး ဝါးခင်း ဝါးကာ နေအိမ် (၁)လုံးနှင့် ဓနိမိုး ဝါးခင်း ဝါးကာ နေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စု (၂) စုမှ ကျား (၃) ဦး၊ မ (၄) ဦး စုစုပေါင်း (၇) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ် စုစုပေါင်း (၂၁၄,၇၀၀) ကျပ်တို့အား (၁၀-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)