ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၇) ရက်နေ့တွင် Action Aid Myanmar ဖျာပုံအဖွဲ့နှင့် ပူးပေါင်းပြီး ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာတွင် ကျေးရွာအခြေပြုသဘာဝဘေးလျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်မွမ်းမံသင်တန်းအား သင်တန်းသား/သူ (၃၀) ဦး ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းတွင် ဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်သရုပ်ပြလေ့ကျင့်ခြင်း၊ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ Table Top Exercise ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နံရံကပ်ပိုစတာများ၊ လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး DAN mobile application နှင့် Kobo Collect mobile application အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)