
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဇီးတောအုပ်စု၊ သပြေပင်ကျေးရွာ၌ (၈-၄-၂၀၁၇) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဦးဇော်မျိုးထက်၏နေအိမ်ခေါင်မိုးပေါ်ရှိ ဆိုလာပြားမှအပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ် (၂)လုံး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၇) ဦးမီးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာ၊ ဆန်နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၁၄၇၀၀) ကျပ်တိတိကို (၁၀-၄-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိတစ်ဦးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံ လွှဲပြောင်းထောက်ပ့ံခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)