
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၇) ရက်နေ့ (၁းဝ၀) နာရီ တွင် စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးလျော့ပါးရေးအသိ ပညာပေးဟောပြောပွဲအား ကျေးရွာသူ/သား လူအင်အား (၁၀၀) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲတွင် ဘေး (၈) မျိုး လက်ကမ်းစာစောင် (၁) မျိုး (၁၀၀) စောင်ဖြင့် စုစုပေါင်း (၈၀၀) စောင်၊ ဘေး (၄) မျိုး နံရံကပ်ပိုစတာ ရခိုင်ဘာသာနှင့် မြန်မာဘာသာ (၈) မျိုးနှင် လေပြင်းဘေးကြိုတင်ပြင်ဆင်ချက် စာစောင် (၁၀၀) စောင်အားဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)