လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ (၁၀-၄-၂၀၁၇) ရက်နေ့၊ (၁ဝးဝ၀) နာရီအချိန်တွင် “လေပြင်းဘေးကြိုတင် ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူများသို့ ပန်ကြားချက်” ဗီနိုင်းအား အများပြည်သူများသိရှိနိုင်စေရန် မြင်သာသော လပွတ္တာမြို့၊ အမှတ် (၆) ရပ်ကွက်၊ ရေပေါ်စျေးကော်မတီရုံးရှေ့၌ ချိတ်ဆွဲဆောင်ရွက်ခဲ့ပြီး ပန်ကြားချက်စာရွက်များကိုလည်း စျေးသွားစျေးလာပြည်သူများသို့ ဝေငှခဲ့ကြောင်း သိရှိရပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)