Category Archives: News
-
တံတားဦးမြို့နယ်၊ မြေငူကျေးရွာအုပ်စု၊ ပုဏ္ဏားခြံကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုသတင်း
(၁၄-၄-၂၀၁၇) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် တံတားဦးမြို့နယ်၊ မြေငူကျေးရွာအုပ်စု၊ ပုဏ္ဏားခြံကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်အိမ်ထောင်စုအတွက် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ်တိတိအား မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ပါကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဖရူဆိုမြိုနယ်အတွင်း ကျေးရွာများသို့ သောက်သုံးရေများနှင့် ရေသန့်ဆေးထုပ် များ ဖြန့်ဝေလှူဒါန်းပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူး ရုံးနှင့် ရွှေလွိုင်ကော်လူမှုအဖွဲ့ပရဟိတအဖွဲ့ပူးပေါင်းပြီး နွေရာသီ သောက်သုံးရေ ရှားပါးသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ကေးလျားကျေးရွာသို့ (၁၂၀၀) ဂါလံဆန့် ရေယာဉ်(၁) စီး၊ (၁၁၀၀) ဆန့် ရေယာဉ်(၁)စီး စုစုပေါင်း (၂) စီးနှင့် ရေသန့် ဆေးထုပ်များ ကို (၁၄.၄.၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ပန်ကြားချက် စာရွက်များကို ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ … Read more
-
မကွေးမြို့နယ်၊ ကြို့ကြာကန်အုပ်စု၊ ရေကျန်ကုန်းတဲတိုက် (တောင်/မြောက်) သို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
(၁၅-၄-၂၀၁၇) ရက်နေ့၊ (၁၂းဝ၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြို့ကြာကန်အုပ်စု၊ ရေကျန်ကုန်းတဲတိုက် (တောင်/ မြောက်) ရှိ အိမ်ခြေ (၁၄၀) မှ လူဦးရေ (၇၀၀) အတွက် သောက်သုံးရေဂါလံ (၁၁၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေ သည် (၁၄ – ၄ -၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော ကျိုက်မရော မြို့နယ် သံကလောင် ကျေးရွာနှင့် လက်ပန်ကျေးရွာတို့မှ လူနေအိမ်(၁၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီနှင့် အမိုးသွပ် (၂၉၇) ချပ်တို့အား လည်းကောင်း အထက တရနာအတွက် အမိုးသွပ် (၂၀) ချပ်နှင့် သံကလောင်ကျေးရွာ မူကြိုကျောင်း အတွက် အမိုးသွပ် (၇)ချပ်တို့အား လည်းကောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ … Read more
-
မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်မှုအခြေအနေနှင့်ကြိုတင်ပြင်ဆင်ရေးအသိပေးနှိုးဆော်ခြင်း
– ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့၊ (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း သို့ရောက်ရှိခဲ့ပြီး၊ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် (၂၃၅)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် မိုင်(၄၂၀)ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် (၄၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် … Read more
-
လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မော်လိုက်ခရိုုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော ညောင်ဝန်းကျေးရွာ၊ ရွာသစ် ကျေးရွာနှင့် လမ်းကူးကျေးရွာရှိ နေအိမ်(၅) အိမ်အတွက် (၁) အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်တို့ကို (၅-၄-၂၀၁၇) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လပွတ္တာမြို့နယ်၊ သပြေချောင်းအုပ်စု၊ ဆိပ်ကလေးကုန်းကျေးရွာ၊ အလံတရာကျေးရွာ၊ ကမ္မလာတပင်ချောင်းကျေးရွာနှင့် ဒရယ်ဖြူကြီး (ကျားကုန်းကြီး) ကျေးရွာများသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
(၁၃-၄-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ် သပြေချောင်းအုပ်စု၊ ဆိပ်ကလေးကုန်းကျေးရွာရှိ အိမ်ခြေ (၃၄) လုံး၊ အိမ်ထောင်စု (၃၆) စုမှ လူဦးရေ (၁၃၉) ဦးအတွက် သောက်သုံးရေ (၁၇၅) ဂါလံအားလည်းကောင်း၊ အလံတရာကျေးရွာရှိ အိမ်ခြေ (၂၁) လုံး၊ အိမ်ထောင်စု (၂၂ ) စုမှ လူဦးရေ (၈၈) ဦးအတွက် သောက်သုံးရေ (၁၂၅) ဂါလံအားလည်းကောင်း၊ ကမ္မလာတပင်ချောင််းကျေးရွာရှိ အိမ်ခြေ (၄၅) လုံး၊ အိမ်ထောင်စု … Read more









