လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

m22

m11

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေ သည်  (၁၄ – ၄ -၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော ကျိုက်မရော မြို့နယ် သံကလောင် ကျေးရွာနှင့် လက်ပန်ကျေးရွာတို့မှ လူနေအိမ်(၁၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီနှင့် အမိုးသွပ် (၂၉၇) ချပ်တို့အား လည်းကောင်း အထက တရနာအတွက် အမိုးသွပ် (၂၀) ချပ်နှင့် သံကလောင်ကျေးရွာ မူကြိုကျောင်း အတွက် အမိုးသွပ် (၇)ချပ်တို့အား လည်းကောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်း တို့နှင့်အတူ သွားရောက်၍ (၁၅ – ၄ – ၂၀၁၇) ရက်နေ့ နံနက်တွင် လေဘေးသင့်ပြည်သူများထံသို့ တိုက်ရိုက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events