(၁၄-၄-၂၀၁၇) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် တံတားဦးမြို့နယ်၊ မြေငူကျေးရွာအုပ်စု၊ ပုဏ္ဏားခြံကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်အိမ်ထောင်စုအတွက် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂) သိန်းကျပ်တိတိအား မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့ံခဲ့ပါကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)