
(၁၃-၄-၂၀၁၇) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ် သပြေချောင်းအုပ်စု၊ ဆိပ်ကလေးကုန်းကျေးရွာရှိ အိမ်ခြေ (၃၄) လုံး၊ အိမ်ထောင်စု (၃၆) စုမှ လူဦးရေ (၁၃၉) ဦးအတွက် သောက်သုံးရေ (၁၇၅) ဂါလံအားလည်းကောင်း၊ အလံတရာကျေးရွာရှိ အိမ်ခြေ (၂၁) လုံး၊ အိမ်ထောင်စု (၂၂ ) စုမှ လူဦးရေ (၈၈) ဦးအတွက် သောက်သုံးရေ (၁၂၅) ဂါလံအားလည်းကောင်း၊ ကမ္မလာတပင်ချောင််းကျေးရွာရှိ အိမ်ခြေ (၄၅) လုံး၊ အိမ်ထောင်စု (၄၅) စုမှ လူဦးရေ (၁၅၇) ဦးအတွက် သောက်သုံးရေ (၂၀၀) ဂါလံအားလည်ကောင်း၊ ဒရယ်ဖြူကြီး (ကျားကုန်းကြီး) ကျေးရွာရှိ အိမ်ခြေ (၁၇၈) လုံး၊ အိမ်ထောင်စု (၂၀၅) စုမှ လူဦးရေ (၇၅၄) ဦးအတွက် သောက်သုံးရေ (၇၅၀) ဂါလံအားလည်းကောင်း သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)