လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူး ရုံးနှင့် ရွှေလွိုင်ကော်လူမှုအဖွဲ့ပရဟိတအဖွဲ့ပူးပေါင်းပြီး နွေရာသီ သောက်သုံးရေ ရှားပါးသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ကေးလျားကျေးရွာသို့ (၁၂၀၀) ဂါလံဆန့် ရေယာဉ်(၁) စီး၊ (၁၁၀၀) ဆန့် ရေယာဉ်(၁)စီး စုစုပေါင်း (၂) စီးနှင့် ရေသန့် ဆေးထုပ်များ ကို (၁၄.၄.၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ပန်ကြားချက် စာရွက်များကို ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)