Category Archives: News
-
ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ”(Maarutha) အခြေအနေနှင့် ကြိုတင်ပြင်ဆင်ရေးအသိပေးနှိုးဆော်ခြင်း
– ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း”မာရသာ” (Maarutha) သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်မြောက်ဘက် (၁၀၅)မိုင်ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၉၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၁၀၅)မိုင်ခန့် နှင့်ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် (၁၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါကြောင်း၊ အဆိုပါ … Read more
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး အုတ်တွင်းမြို့နယ်အတွင်းရှိ လေပြင်းတိုက်ခတ်မှုခံရသောကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုပြီး ထောက်ပံ့မှုများပေးအပ်ခြင်း
၁၅-၄-၂၀၁၇၊ နေပြည်တော် တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်၊ ဧပြီလ(၁၄) ရက်နေ့ ညနေ (၅) နာရီခန့် အချိန်တွင် ကြက်တက်ညောင်ပင်ကျေးရွာအုပ်စု၊ တောပု ကျေးရွာအုပ်စုနှင့် ရွှေလောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာအချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦ အပါအဝင် စုစုပေါင်း (၉၄) လုံးအမိုးများလန်ခြင်း၊ ပြိုလဲခြင်းစသည့် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ခဲ့သဖြင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဌဦးကြည်ဇင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာ ဝန်ကြီးဒေါ်နော်ပွယ်စေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များနှင့်အတူ … Read more
-
ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ”(Maarutha) ဖြစ်ပေါ်မှုအခြေအနေနှင့် ပတ်သက်၍ အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအေ၀းကျင်းပခြင်း
– ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်၍ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအေ၀းကို (၁၆-၄-၂၀၁၇)နေ့ (၁၁း၃၀)နာရီတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)တွင် ကျင်းပပြုလုပ်ရာ ကော်မတီအဖွဲ့၀င်ပြည်ထောင်စု၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အမြဲတမ်းအတွင်း၀န်များနှင့်တာ၀န်ရှိသူများတက်ရောက်ကြပါသည်။ – ကော်မတီဥက္ကဌ ဒုတိယသမ္မတက နိုင်ငံ၏ ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေများအရ မတ်၊ ဧပြီ၊ မေလခန့်တို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန် စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့ ပုံမှန်ဖြစ်ပေါ်လာနေကြောင်း၊ ၂၀၁၆ခုနှစ်တွင်လည်း အတွေ့အကြုံများရှိပြီးဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်လျက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက် ၍လည်း သက်ဆိုင်ရာဒေသများတွင် … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၆)၊၂၀၁၇
#ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်က လုန်းမုန်တိုင်း”မာရသာ” (Maarutha) သည် အရှေ့မြောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်မြောက်ဘက် (၁၀၅)မိုင်ခန့်၊ ဂွမြို့၏ အနောက်-အနောက်တောင်ဘက် (၉၅) မိုင်ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် (၁၀၅)မိုင်ခန့် နှင့်ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် (၁၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက် သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။ (ခ) … Read more
-
ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာမှ မိုးကြိုးပစ်သေဆုံးသူတစ်ဦး၏ ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာမှ တိုင်းကျော် ပဲ့ထောင်စက်လှေမောင်းနှင်သူ မောင်ဝှီးဒေါ့၊ အသက် (၂၅) နှစ် (ဘ) ဦးအုန်းဌေးသည် (၁၄-၄-၂၀၁၇) ရက်နေ့၌ ပရိဘောဂပစ္စည်းများ တင်ဆောင်ရန်လာစဉ် ပုသိမ်မြို့နယ်၊ အမှတ် (၇) ရပ်ကွက် ၊ ဝဲဒေါင့်ကူးတို့ဆိပ်အနီး င၀န်မြစ်အတွင်း မိုးကြိုးပစ်၍ သေဆုံးခဲ့သည့်အတွက် (၁၆-၄-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာ၀န်ရှိသူများသည် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀၀၀ဝ) (ကျပ်သုံးသိန်းတိတိ) အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၅)၊၂၀၁၇
#ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က)ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း”မာရသာ” (Maarutha) သည် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်မြောက် ဘက် မိုင်(၁၆၀)ခန့်၊ ပုသိမ်မြို့၏ အနောက်ဘက်(၁၅၈)မိုင်ခန့်၊ ဂွမြို့၏ အနောက်- အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ သံတွဲမြို့၏ အနောက် တောင်ဘက် မိုင်(၁၇၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက် တောင်ဘက် (၁၉၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်တောင် ဘက်(၂၂၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း … Read more
-
ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ”(Maarutha) ဖြစ်ပေါ်မှုအခြေအနေနှင့် အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ လမ်းညွှန်ကြီးကြပ်၊ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိခြင်း
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ သည် မိုးကြိုကာလနှင့်မိုးတွင်းကာလများတွင်ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေး၊ ရေကြီးရေလျှံမှုများ၊ လေပြင်းတိုက်ခတ်မှုများနှင့်ပတ်သက်၍ (၂၉-၃-၂၀၁၇)နေ့တွင် အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအေ၀း(၁/၂၀၁၇)ကို ကျင်းပကာ ဖြစ်ပေါ် လာနိုင်သည့်ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိရန် ကော်မတီ အဖွဲ့၀င် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်များသို့ လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါ သည်။ ထို့အပြင် မိမိတို့ဒေသအလိုက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိရန် လိုအပ်သည့် လုပ်ငန်းများ၊ ပြည်သူလူထုကိုယ်တိုင် လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ၀န်ကြီးချုပ်များဦးဆောင်သော တိုင်းဒေသကြီး/ပြည်နယ် သဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ သို့ … Read more
-
ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၄)၊၂၀၁၇
#ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း”မာရသာ”(Maarutha)အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်မြောက်ဘက် (၁၄၅)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၁၉၅)ခန့်၊ သံတွဲမြို့၏ အနောက် တောင်ဘက် မိုင်(၂၃၀)ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် (၂၄၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း သည် မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ … Read more
-
လေပြင်းတိုက်ခတ်မှုအခြေအနေများနှင့် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ကူညီထောက်ပံံ့မှုများဆောင်ရွက်လျက်ရှိခြင်း
#မွန်ပြည်နယ်နှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့က လေပြင်း တိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ရာ -မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာနှင့် လက်ပန်ကျေးရွာတို့တွင် နေအိမ် (၁၉)လုံး၊ (အထက)ကျောင်း(၁)ကျောင်း၊ ကျေးရွာမူကြိုကျောင်း(၁)ကျောင်းတို့ အမိုးလန် ပျက်စီးခဲ့ပြီး လမ်းမီးတိုင်(၂၉)တိုင်ပျက်စီးခဲ့ရာ မွန်ပြည်နယ်၀န်ကြီးချုပ်နှင့်အတူ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၁၅-၄-၂၀၁၇)နေ့တွင် ဘေးဖြစ်ကျေးရွာများသို့ သွားရောက်ကာ နေအိမ်(၁၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးစီနှင့် အမိုးသွပ် (၂၉၇)ချပ်တို့အားလည်းကောင်း၊ (အထက)ကျောင်းအတွက် အမိုးသွပ် (၂၀)ချပ်နှင့် … Read more
-
အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ် (၀၃)၊ ၂၀၁၇ (မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့ မြန်မာစံတော်ချိန် (၁၈:၀၀) နာရီအချိန် ထုတ်ပြန်ချက်)
##အားကောင်းသောမုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် (၂၃၅) မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် (၃၇၀) ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် မိုင် (၄၂၀) ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက် တောင်ဘက် (၄၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို … Read more









