ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာမှ မိုးကြိုးပစ်သေဆုံးသူတစ်ဦး၏ ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

16_pic01

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကမ်းနီကျေးရွာမှ တိုင်းကျော် ပဲ့ထောင်စက်‌လှေမောင်းနှင်သူ မောင်ဝှီးဒေါ့၊  အသက် (၂၅) နှစ် (ဘ) ဦးအုန်းဌေးသည် (၁၄-၄-၂၀၁၇) ရက်နေ့၌ ပရိဘောဂပစ္စည်းများ တင်ဆောင်ရန်လာစဉ် ပုသိမ်မြို့နယ်၊ အမှတ် (၇) ရပ်ကွက် ၊ ဝဲဒေါင့်ကူးတို့ဆိပ်အနီး င၀န်မြစ်အတွင်း မိုးကြိုးပစ်၍ သေဆုံးခဲ့သည့်အတွက် (၁၆-၄-၂၀၁၇) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာ၀န်ရှိသူများသည်  ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၌ သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀၀၀ဝ) (ကျပ်သုံးသိန်းတိတိ) အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events