ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ”(Maarutha) ဖြစ်ပေါ်မှုအခြေအနေနှင့် ပတ်သက်၍ အမျိုးသား သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအ‌ေ၀းကျင်းပခြင်း

16_pic01
– ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်၍ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ အရေးပေါ်အစည်းအ‌ေ၀းကို (၁၆-၄-၂၀၁၇)နေ့ (၁၁း၃၀)နာရီတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)တွင် ကျင်းပပြုလုပ်ရာ ကော်မတီအဖွဲ့၀င်ပြည်ထောင်စု၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အမြဲတမ်းအတွင်း၀န်များနှင့်တာ၀န်ရှိသူများတက်ရောက်ကြပါသည်။

– ကော်မတီဥက္ကဌ ဒုတိယသမ္မတက နိုင်ငံ၏ ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေများအရ မတ်၊ ဧပြီ၊ မေလခန့်တို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန် စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့ ပုံမှန်ဖြစ်ပေါ်လာနေကြောင်း၊ ၂၀၁၆ခုနှစ်တွင်လည်း အတွေ့အကြုံများရှိပြီးဖြစ်ကြောင်း၊ ယခုဖြစ်ပေါ်လျက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက် ၍လည်း သက်ဆိုင်ရာဒေသများတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ တာ၀န်ရှိ သူများမှဆောင်ရွက်သလို ပြည်သူများ မြေပြင်တွင်သွားလာလှုပ်ရှာမှုပိုင်းကိုလည်း ဂရုပြုရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း ရမ်းဗြဲ၊ သံတွဲမြို့များတွင် ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးများ ကိုယ်တိုင် သွားရောက်အခြေပြုကာ အရေးပေါ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ မုန်တိုင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုအပိုင်းကိုလည်း ပိုမို အကြိမ်ရေစိပ်စိပ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခု လုပ်ငန်းကော်မတီအသီးသီးအနေဖြင့်လည်း မိမိတို့ကဏ္ဍ အလိုက်ဆောင်ရွက်ထားရှိကြပြီးဖြစ်သလို ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်ကို စဥ်ဆက်မပြတ် သတိပြု၍ လိုအပ်သည်များ ထပ်မံဆောင်ရွက်ထားရန်လိုကြောင်း၊ ပြည်သူများထိခိုက်မှုမရှိအောင် ကြိုပမ်းစီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် မုန်တိုင်းဘေးတုံ့ပြန်ရေးနှင့်ပတ်သက်၍ အလေးထား စီမံခန့်ခွဲဆောင်ရွက် လျက်ရှိကြောင်း ဆွေးနွေးလမ်းညွှန်မှာကြားပါသည်။

– ထို့နောက် လုပ်ငန်းကော်မတီအသီးသီးမှ ဥက္ကဌများနှင့်တာ၀န်ရှိသူများက ဆွေး‌ေနွးကြရာ ယခု ဖြစ်ပေါ်လျက်ရှိသည့် ဆိုင်ကလုန်မုန်တိုင်း ကြိုတင်ပြင်ဆင်မှုများအနေဖြင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန(EOC)ကို (၂၄)နာရီဖွင့်လှစ်ထားရှိပြီး မုန်တိုင်းအ‌ြေခအနေကိုစဥ်ဆက်မပြတ်လေ့လာ သုံးသပ်ကာ အချိန်နှင့်တပြေးညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ဆောင်ဆက်သွယ်ရေး မပြတ်တောက်စေရေး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီများနှင့် စဥ်ဆက်မပြတ်ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး တပ်မတော်အနေဖြင့် လည်း ရဟတ်ယာဥ်များ၊ လေယာဥ်များနှင့်ဆေးတပ်ဖွဲ့များကို အသင့် စီစဥ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ တပ်ရင်းတပ်ဖွဲ့များ အဆင်သင့်ဖြစ်စေ ရေးဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဒေသများရှိ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၀င် များ၊ ကြက်ခြေနီတပ်ဖွဲ့များ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ရွှေ့ပြောင်းရေးအတွက်ကြိုတင်စီမံထား ရှိခြင်း၊ ပြည်သူသို့ မုန်တိုင်းအသိပေးလှုံ့ဆော်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ပစ္စည်းများ စုဆောင်ထားရှိခြင်း၊ စားရေရိက္ခာများ၊ ကယ်ဆယ်ရေးပစ္စည်းများကြိုတင် စုပုံထားရှိခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများအတွက်လည်းကြိုတင်ပြင်ဆင်ထားရှိကြောင်း၊ သတင်းထုတ်ပြန်ရေးများနှင့် ပတ်သက်၍လည်း မုန်တိုင်းအခြေအနေကို စဥ်ဆက်မပြတ်သတင်းထုတ်ပြန်ပေးလျက်ရှိပြီး ပြည်သူများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်လည်း မုန်တိုင်းအသိပညာပေး အချက်အလက် များကို အချိန်နှင့်တပြေးညီထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ရိတ်သိမ်းပြီးသောစိုက်ပျိုးသီးနှံများ ကိုလည်း ဘေးလွတ်ရာအခိုအကာများသို့ ရွှေ့ပြောင်းထားနိုင်ရေး တောင်သူလယ်သမားများသို့ နှိုးဆော်ထားပြီးဖြစ်ကြောင်း၊ ဆက်သွယ်ရေး မပြတ်တောက်စေရန် အတွက်လည်း ဆက်သွယ်ရေး အရန်စက်များ အဆင်သင့်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း တင်ပြဆွေးနွေးကြပါသည်။

– မုန်တိုင်းအခြေအနေနှင့်ပတ်သက်၍ (၁၆-၄-၂၀၁၇)နေ့ ရရှိသည့် သတင်းအခြေအနေအရ ယနေ့ည သန်းခေါင်ယံနှင့် (၁၇-၄-၂၀၁၇)နေ့ နံနက်(၆) နာရီခန့်အကြားတွင် ရခိုင်ပြည်နယ် စစ်တွေနှင့်သံတွဲမြို့ကြားမှဖြတ်ကျော်၀င်ရောက်နိုင်ကြောင်း၊ လေတိုက်နှုန်းမှာ တစ်နာရီ မိုင်(၄၀) (၅၀)ခန့်ဖြစ်နိုင်ကြောင်းတိုင်းတာရရှိသဖြင့် မုန်တိုင်းဖြတ်ကျော်၀င်ရောက်နိုင်သည့် ဒေသများတွင် ပြည်သူများကို ပိုမိုဘေးကင်းလုံခြုံစိတ်ချရစေရန်အတွက် (၁၆-၄-၂၀၁၇)နေ့ ညနေ(၆)နာရီ နောက်ဆုံးထား၍ သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာနေရာများသို့ စနစ်တကျ ရွှေ့ပြောင်း ထားရန်လိုအပ်ကြောင်း၊ ကမ်းခြေများတွင် ရောက်ရှိအပမ်းဖြေနေသူများ ဘေးလွှတ်ရာသို့ ပြန်လည်ထွက်ခွာ ကြရန်လိုကြောင်း၊ ဒေသအလိုက်ပြောင်းရွှေ့ရန် လိုအပ်မှုများကိုအကြံပြုကြပြီး သက်ဆိုင်ရာတာ၀န်ရှိသူများထံ အစည်းအ‌ေ၀းတွင်းမှ တိုက်ရိုက်ဆက်သွယ်၍ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

– ထို့နောက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနရှိ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC) တွင် မုန်တိုင်း၏နောက်ဆုံးဖြစ်ပေါ် နေမှုအခြေအနေများကို ကြည့်ရှုကာ အချို့နေရာများသို့ အရေးပေါ်ဆက်သွယ်နိုင်ရေး ကြိုတင်ထားရှိသည့် ရေဒီယို လှိုင်းသုံးဆက်သွယ်ရေးစနစ် (Single Side Band-SSB) လက်တွေ့အသုံးပြုမှု ပြသခြင်းကို ဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း တိုက်ရိုက်ချိတ်ဆက်၍ စီစဥ်ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events