၁၅-၄-၂၀၁၇၊ နေပြည်တော်
တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်၊ ဧပြီလ(၁၄) ရက်နေ့ ညနေ (၅) နာရီခန့် အချိန်တွင် ကြက်တက်ညောင်ပင်ကျေးရွာအုပ်စု၊ တောပု ကျေးရွာအုပ်စုနှင့် ရွှေလောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာအချို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦ အပါအဝင် စုစုပေါင်း (၉၄) လုံးအမိုးများလန်ခြင်း၊ ပြိုလဲခြင်းစသည့် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ခဲ့သဖြင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဌဦးကြည်ဇင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာ ဝန်ကြီးဒေါ်နော်ပွယ်စေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် များနှင့်အတူ ကျေးရွာများအရောက်သွားရောက်ကြည့်ရှု၍ ကျေးရွာသူကျေးရွာသား များနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားပြီး လိုအပ်သော ထောက်ပံ့ငွေ၊ သွပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။