
- ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ သည် မိုးကြိုကာလနှင့်မိုးတွင်းကာလများတွင်ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေး၊ ရေကြီးရေလျှံမှုများ၊ လေပြင်းတိုက်ခတ်မှုများနှင့်ပတ်သက်၍ (၂၉-၃-၂၀၁၇)နေ့တွင် အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအေ၀း(၁/၂၀၁၇)ကို ကျင်းပကာ ဖြစ်ပေါ် လာနိုင်သည့်ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိရန် ကော်မတီ အဖွဲ့၀င် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်များသို့ လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါ သည်။ ထို့အပြင် မိမိတို့ဒေသအလိုက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိရန် လိုအပ်သည့် လုပ်ငန်းများ၊ ပြည်သူလူထုကိုယ်တိုင် လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ၀န်ကြီးချုပ်များဦးဆောင်သော တိုင်းဒေသကြီး/ပြည်နယ် သဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ သို့ အကြံပြုပေးပို့ထားရှိပြီး ပြည်သူနှင့်အတူ ပူးပေါင်း ဆောင်ရွက်နိုင်ရန်လည်း ကြိုတင်လမ်းညွှန်ထားရှိပြီးဖြစ်ပါသည်။
- ယခုလက်ရှိ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် ဆိုင်ကလုန်း မုန်တိုင်း မာရသာ(Maarutha)နှင့်ပတ်သက်၍လည်း အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ဒေသအလိုက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန်နှင့် အောက်ခြေပြည်သူလူထု အထိ ကြိုတင်သတိပေးချက်များရောက်ရှိအောင် ဆောင်ရွက်ထားရှိရန် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ ထပ်မံ၍လည်း နိုးဆော်ထားပါသည်။
- သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် လည်း စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရေး လုံခြုံသည့်နေရာများသို့ ကြိုတင်ရွှေ့ပြောင်း သိုလှောင်ထားရှိစေခြင်းနှင့် မုန်တိုင်း၀င်ရောက်လာပါကအရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများဆောင်ရွက် နိုင်ရန်၊ ပြည်သူမှလည်းပူးပေါင်းပါ၀င်ဆောင်ရွက်လာစေရန်၊ မုန်တိုင်းအန္တရာယ်နှင့် မုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပေါ်နိုင်သည့် အခြားဘေးအန္တရာယ်များအတွက် ကြိုတင်အသင့်ဖြစ်စေရန်တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဆောင်ရွက်လျက်ရှိပါသည်။
- ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေး၀န်ကြီး၊ လျှပ်စစ်နှင့်လမ်းပမ်းဆက်သွယ်ရေး၀န်ကြီး၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်း၀န်ကြီးတို့ ဦးဆောင်သောအဖွဲ့သည် ရမ်းဗြဲမြို့တွင် ရောက်ရှိအခြေပြုလျက်ရှိပြီး လိုအပ်ပါက ရွှေ့ပြောင်းရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ် ထောက်ပံ့ရေးစသည့် အလျင်အမြန်တုံ့ပြန်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စုဖွဲ့ ဆောင်ရွက်လျက်ရှိပါသည်။ သံတွဲ၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူခရိုင်များအတွက် ကယ်ဆယ် ရေးထောက်ပံ့ပစ္စည်းများကိုလည်း ကြိုတင်စုပုံထားရှိပြီး စစ်တွေ၊ သံတွဲ၊ မာန်အောင််၊ ဂွ၊ မြောက်ဦး၊ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ကြိုတင် သတိပြု ပြင်ဆင်နိုင်ရန် မုန်တိုင်းနှင့်ပတ်သက်၍ လိုက်လံအသိပေး ဆော်သြခြင်းများလည်း ဆောင်ရွက်လျက်ရှိပါသည်။
- ဆိုင်ကလုန်းမုန်တိုင်း ၏ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေ အနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟုသတ်မှတ်ကြောင်း ထုတ်ပြန်ထားသည့်အတွက်လည်း ပြည်သူ များအနေဖြင့် အောက်ဖော်ပြပါကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ မှ အကြံပြုအပ်ပါသည်-
(က) အရေးပေါ်ပြောင်းရွှေ့နိုင်ရန်စီစဥ်ထားပြီး လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။
( ခ) မိသားစုများကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်ဆုံရပ်သတ်မှတ်ထားပါ။
( ဂ) မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ခိုင်ခံ့လုံခြုံသောအဆောက်အဦ၊ အမိုးအကာအောက်တွင်နေထိုင်ပါ။
(ဃ) ကမ်းခြေများတွင် ရောက်ရှိအပမ်းဖြေနေသူများသတိပြုနေထိုင်ပါ။
( င) မုန်တိုင်းငယ်၏အရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်တတ်သည့် လျှပ်တပြက်ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်း အထူးသတိထားပါ။
( စ) ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ အကြားမှဖြတ်ကျော်၀င်ရောက်ခဲ့သည့် O2Bမုန်တိုင်း၏အရှိန်ကြောင့် မကွေးတိုင်းဒေသ ကြီး၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လျှပ်တပြက်ရေဘေး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပေါ်ခဲ့သည့် အတွေ့အကြုံများရှိပြီးဖြစ်သည့်အတွက်လည်း ကုန်းတွင်း ပိုင်းဒေသများသည် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း နောက်ဆက်တွဲ ဘေးအန္တရာယ်များခံစားရနိုင်သဖြင့် ကြိုတင်သတိပြုရန်လိုအပ်ပါသည်။
(ဆ) တောင်ကျချောင်းများတွင် ရုတ်တရက်ရေကြီးမှုများဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများ အနီးနေထိုင်သူများအထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ရွှေ့ပြောင်းပါ။
( ဇ) မြစ်၊ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများမှခေတ္တရှောင်ရှား နေထိုင်ပါ။
- ပြည်သူများအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (Maarutha)အခြေအနေနှင့်ပတ်သက်၍ စဥ်ဆက် မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများ၏ စီစဥ်ဆောင်ရွက်မှုများ အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါ၀င်ဆောင်ရွက်ကြပါရန်၊ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင် (၂၄)နာရီဖွင့်လှစ်ထားရှိသော Call Centre ဖုန်းများဖြစ်သည့် (၀၆၇-၄၀၄၆၆၆ နှင့် ၀၆၇-၄၀၄၇၇၇)တို့သို့ အချိန်မရွေးဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်းနှင့် အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ လိုအပ် သည့်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးဖော်ပြအပ်ပါ သည်။
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ