လေပြင်းတိုက်ခတ်မှုအခြေအနေများနှင့် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ကူညီထောက်ပံံ့မှုများဆောင်ရွက်လျက်ရှိခြင်း

 
22 21 20 19 18 17 16 15 14 13 12 11 10 9 8 7 6 5 4 3 2 1
 
#မွန်ပြည်နယ်နှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့က လေပြင်း တိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ရာ
 
-မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာနှင့် လက်ပန်ကျေးရွာတို့တွင် နေအိမ် (၁၉)လုံး၊ (အထက)ကျောင်း(၁)ကျောင်း၊ ကျေးရွာမူကြိုကျောင်း(၁)ကျောင်းတို့ အမိုးလန် ပျက်စီးခဲ့ပြီး လမ်းမီးတိုင်(၂၉)တိုင်ပျက်စီးခဲ့ရာ မွန်ပြည်နယ်၀န်ကြီးချုပ်နှင့်အတူ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၁၅-၄-၂၀၁၇)နေ့တွင် ဘေးဖြစ်ကျေးရွာများသို့ သွားရောက်ကာ နေအိမ်(၁၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးစီနှင့် အမိုးသွပ် (၂၉၇)ချပ်တို့အားလည်းကောင်း၊ (အထက)ကျောင်းအတွက် အမိုးသွပ် (၂၀)ချပ်နှင့် ကျေးရွာ မူကြိုကျောင်းအတွက် အမိုးသွပ်(၇)ချပ်တို့အားလည်းကောင်း ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
 
-ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဘွက်ကုန်းကျေးရွာအုပ်စုတွင် နေအိမ်(၂)လုံး၊ ကတိုင်စိန်ကျေးရွာအုပ်စုတွင် နေအိမ်(၉၄)လုံး၊ ဖက်၀န်းကုန်းကျေးရွာအုပ်စုတွင် နေအိမ် (၃၃)လုံး၊ စုစုပေါင်းနေအိမ်(၁၂၉)လုံး အမိုးလန်ခြင်း၊ သစ်ပင်ပိခြင်း၊ ပြိုကျခြင်းများဖြစ်ပေါ် ခဲ့မှုအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးနှင့်အဖွဲ့သည် (၁၅-၄-၂၀၁၇)နေ့တွင် ဘေးဖြစ်ကျေးရွာများသို့ သွားရောက်ကာ တိုက်ကြီးမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်နေအိမ်(၁၂၉)လုံးအတွက် အမိုးသွပ် (၆၄၅ )ချပ်နှင့် အိမ်ထောင်စု(၁၂၉)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁၂၉)အိမ်ထောင်စာတို့ကို ထောက်ပံ့ပေးခဲ့ပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဖြစ်ပေါ်လျက်ရှိသော လေပြင်းတိုက်ခတ်မှုအခြေအနေများနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရှိပါသည်။

Sign Up

Upcoming Events