Category Archives: News
-
လေပြင်းဘေးကြိုတင်သတိပေးချက်နှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လေပြင်းဘေးကြိုတင်သတိပေးချက်နှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ဗန်းမော်မြို့နယ်အတွင်း မိုင်းထိဒဏ်ရာရသူအား ထောက်ပံ့ပေးမှုသတင်း
(၂၅-၄-၂၀၁၇) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ မြို့လှမြို့ အမှတ်(၄) ရပ်ကွက်တွင် မိုင်းထိဒဏ်ရာရသူတစ်ဦးအား (၅၀၀,၀၀) ကျပ်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ မြေစာပိ၍သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာတွင် (၈-၄-၂၀၁၇) ရက်နေ့၌ ကျောက်ရော မြေစာရုတ်တရက်ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦး မြေစာပိသေဆုံးခဲ့ရာ သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ် အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့မြန်မာ့စီးပွားရေးဘဏ်မှတဆင့် ဖားကန့်အထွေထွေအုပ်အုပ်ရေးဦးစီးဌာနအမည်ဖြင့် လွှဲပြောင်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ၌ မိုးရွာသွန်း၍လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စုအား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂) အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုး (၅) သိန်းနှင့် ဆန်ဖိုး (၇) ရက်စာငွေ (၇၃၅၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၅၇၃၅၀၀/-) အား မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ဘေးသင့်ပြည်သူထံသို့ … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်လောက်ကိုင်ဒေသ၌ (၆-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် သေဆုံးခဲ့သော ရဲတပ်ဖွဲ့ဝင် (၃) ဦး အတွက် တစ်ဦးလျှင် (၃၀၀,၀၀၀) နှုန်းနှင့် ဒဏ်ရာရ (၃) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁,၀၅၀,၀၀၀) ကျပ်တို့အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် တာဝန်ရှိသူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဗားကျေးရွာမှ အိမ်ခြေ (၅) အိမ်၊ ဆူခွာရ်ကျေးရွာမှ အိမ်ခြေ (၂) အိမ်၊ ဇိုခွားကျေးရွာမှ အိမ်ခြေ (၂) အိမ်နှင့် ဘာသာရေးကျောင်း (၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၁,၀၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် (၂၅-၄-၂၀၁၇) ရက်နေ့၌လည်း ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ လုံသာရ်ကျေးရွာမှ လေဘေးသင့် အိမ်ထောင်စု (၃) စု၊ … Read more
-
လေပြင်းဘေး ကြိုတင်ကာကွယ်ရေး ပြည်သူများသို့ပန်ကြားချက် ဆိုင်းဘုတ်အား စိုက်ထူပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၄-၂၀၁၇) ရက်နေ့တွင် အိမ်မဲမြို့နှင့် ဝါးခယ်မမြို့များရှိ လူစည်ကားရာနေရာများတွင် လေပြင်းဘေးကြိုတင် ကာကွယ်ရေး ပြည်သူများသို့ပန်ကြားချက် ဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဟိုပုံးမြို့နယ်၊ မီးဘေးသင့် နောင်တောင်းပရဟိတကျောင်းအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟိုပုံးမြို့နယ်၊ မီးဘေးသင့် နောင်တောင်းပရဟိတကျောင်းအတွက် သွပ်အချပ်ရေ (၄၀၀) အား (၂၆-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ကျိုင်းတုံမြို့နယ်၊ မိုင်းနော့၊ ဖာတကျေးရွာအုပ်စု နမ့်လောင်ရွာ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းနော့၊ ဖာတ ကျေးရွာအုပ်စု၊ နမ့်လောင်ရွာ၌ ဖြစ်ပွားသော မီးဘေးအတွက် မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဘေးသင့်လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၂၁,၀၀၀ိ/-)ကျပ်နှင့် (ပျဉ်ခင်း၊ပျဉ်ကာ၊သွပ်မိုး) အိမ်အမျိုးအစားအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၄၂၁,၀၀၀ိ/-)ကျပ်တို့အား (၂၆-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)









