ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်လောက်ကိုင်ဒေသ၌ (၆-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် သေဆုံးခဲ့သော ရဲတပ်ဖွဲ့ဝင် (၃) ဦး အတွက် တစ်ဦးလျှင် (၃၀၀,၀၀၀) နှုန်းနှင့် ဒဏ်ရာရ (၃) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁,၀၅၀,၀၀၀) ကျပ်တို့အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် တာဝန်ရှိသူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)