ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဗားကျေးရွာမှ အိမ်ခြေ (၅) အိမ်၊ ဆူခွာရ်ကျေးရွာမှ အိမ်ခြေ (၂) အိမ်၊ ဇိုခွားကျေးရွာမှ အိမ်ခြေ (၂) အိမ်နှင့် ဘာသာရေးကျောင်း (၁) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၁,၀၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် (၂၅-၄-၂၀၁၇) ရက်နေ့၌လည်း ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ လုံသာရ်ကျေးရွာမှ လေဘေးသင့် အိမ်ထောင်စု (၃) စု၊ ဘာသာရေးကျောင်း (၁) ကျောင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၄၀၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား (၂၆-၄-၂၀၁၇) ရက်နေ့တွင် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)