မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည်  (၂၄-၄-၂၀၁၇) ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ၌ မိုးရွာသွန်း၍လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စုအား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂) အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုး (၅) သိန်းနှင့် ဆန်ဖိုး (၇) ရက်စာငွေ (၇၃၅၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၅၇၃၅၀၀/-) အား မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ဘေးသင့်ပြည်သူထံသို့ (၂၆-၄-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပ့ံခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events