ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၄-၂၀၁၇)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ မိုင်းနော့၊ ဖာတ ကျေးရွာအုပ်စု၊ နမ့်လောင်ရွာ၌ ဖြစ်ပွားသော မီးဘေးအတွက် မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဘေးသင့်လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး (၂၁,၀၀၀ိ/-)ကျပ်နှင့် (ပျဉ်ခင်း၊ပျဉ်ကာ၊သွပ်မိုး) အိမ်အမျိုးအစားအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၄၂၁,၀၀၀ိ/-)ကျပ်တို့အား (၂၆-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)