မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ မြေစာပိ၍သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည်  မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာတွင် (၈-၄-၂၀၁၇) ရက်နေ့၌ ကျောက်ရော မြေစာရုတ်တရက်ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦး မြေစာပိသေဆုံးခဲ့ရာ သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ် အား (၂၅-၄-၂၀၁၇) ရက်နေ့တွင် မိုးညှင်းမြို့မြန်မာ့စီးပွားရေးဘဏ်မှတဆင့် ဖားကန့်အထွေထွေအုပ်အုပ်ရေးဦးစီးဌာနအမည်ဖြင့် လွှဲပြောင်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events