Category Archives: News
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် သတိပေးဗီနိုင်းများ စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၄-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်သတိပေးဗီနိုင်းများ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၈-၄-၂၀၁၇) ရက်နေ့တွင် ထူးခြားမြစ်ရေအခြေအနေသတင်း များ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၈-၄-၂၀၁၇)ရက်နေ့တွင် ထူးခြားမြစ်ရေအခြေအနေသတင်းများကိုအောက်ပါအတိုင်းထုတ်ပြန်ထားပါသည်-
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၇) ရက်နေ့ တွင် ဘူးသီးတောင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ယင်းမကျောင်း တောင်ကျေးရွာအုပ်စု၊ ယင်းမကျောင်းတောင်ကျေးရွာတွင် နေအိမ် (၈) လုံး ပြိုလဲ ပျက်စီးခြင်းအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးစီ နှင့် အမိုးလန် (၂၇) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီအား (၂၇-၄-၂၀၁၇) ရက်နေ့တွင် ဘူးသီးတောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့တဆင့် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာအုပ်စု၊ ညောင်သပြေကျေးရွာ၌ (၂၄-၄-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သော လူနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂) အိမ်ထောင်စာနှင့် သွပ်မိုးထရံကာ နေအိမ်အတွက် ထောက်ပံ့ငွေ (၇၀,၀၀၀) ကျပ်နှင့် သက်ကယ်မိုး ကပ်ကာနေအိမ်အတွက် ထောက်ပံ့ငွေ (၂၀,၀၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၉၀,၀၀၀) ကျပ်တို့အား (၂၇-၄-၂၀၁၇) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦများ လွှဲပြောင်းပေးအပ်ပွဲနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာများအကြောင်း ဆွေးနွေးဟောပြောမှုသတင်း
ဂျာမန်အစိုးရ၏ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနမှ ရန်ပုံငွေအ ထောက်အပံ့ဖြင့် arche noVa အဖွဲ့နှင့် စီမံချက်မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စိုပြေမြန်မာလူမှုဖွံ့ဖြိုးမှုအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သော ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦ (40′ x 30′ x 21′) အား ဘိုက လေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု လဝိုင်းကျွန်းအနောက်ကျေးရွာတွင်(၁)လုံး/ ဘိုကလေးမြို့နယ် ကျွန်းသာယာကျေးရွာအုပ်စု ပွတ်လုံးတိုင်ကျေးရွာတွင်(၁)လုံး စုစုပေါင်း (၂) လုံးဆောက်လုပ်ခဲ့ပြီး ယင်းအ ဆောက်အဦများ လွှဲပြောင်းပေးအပ်ပွဲကို (၂၇-၄-၂၀၁၇) ရက်နေ့၌ ဆတ်ကျွန်းကျေးရွာအုပ်စု လဝိုင်းကျွန်းအ နောက်ကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် … Read more
-
ရခိုင်ပြည်နယ်အတွင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေရေး စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် IOM အဖွဲ့ အစည်းတို့ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေးစီမံ ကိန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို (၂၇-၄-၂၀၁၇) ရက်နေ့တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် IOM အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
သောက်သုံးရေနှင့် သုံးရေများလှူဒါန်းမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ ကတိုးဆိတ်အုပ်စု၊ တောမင်းစံတောရကျောင်းသို့သွားရောက်၍ သောက်သုံးရေဂါလံ (၁၅၀) နှင့် သုံးရေဂါလံ (၁၆၀၀) တို့ကို(၂၇-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်သတိပေးဗီနိုင်းများတိုင်ထူခြင်းနှင့် လေပြင်းဘေးကြိုတင်သတိပေးချက်နှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၇) ရက်နေ့တွင် ပျဉ်းမနားမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ကြို့တန်းကျေးရွာနှင့် ကူးတို့ဆိတ်အုပ်စု၊ ကူးတို့ဆိတ်ကျေးရွာတို့၌ လေပြင်းဘေးကြိုတင်သတိပေးဗီနိုင်းများတိုင်ထူခြင်းနှင့် လေပြင်းဘေးကြိုတင်သတိပေးချက်နှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်းတော်မြို့နယ်၊ သဲချောင်းကျေးရွာနှင့် ကြာအင်းကုန်းကျေးရွာတို့၌ (၂၅-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်းဆောင် (၁) ဆောင်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၀,၀၀၀) တို့အား (၂၇-၄-၂၀၁၇) ရက်နေ့တွင် အင်းတော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)









