ရခိုင်ပြည်နယ်အတွင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေရေး စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

27_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် IOM အဖွဲ့ အစည်းတို့ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေးစီမံ ကိန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို (၂၇-၄-၂၀၁၇) ရက်နေ့တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် IOM အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events