လေဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ လောင်းကောင်းကျေးရွာအုပ်စု၊ ညောင်သပြေကျေးရွာ၌ (၂၄-၄-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့်  လေဘေးသင့်ခဲ့သော လူနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂) အိမ်ထောင်စာနှင့် သွပ်မိုးထရံကာ နေအိမ်အတွက် ထောက်ပံ့ငွေ (၇၀,၀၀၀) ကျပ်နှင့် သက်ကယ်မိုး ကပ်ကာနေအိမ်အတွက် ထောက်ပံ့ငွေ (၂၀,၀၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၉၀,၀၀၀) ကျပ်တို့အား (၂၇-၄-၂၀၁၇) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events