ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦများ လွှဲပြောင်းပေးအပ်ပွဲနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာများအကြောင်း ဆွေးနွေးဟောပြောမှုသတင်း

27 Pic 02 27 Pic 03ဂျာမန်အစိုးရ၏ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနမှ ရန်ပုံငွေအ ထောက်အပံ့ဖြင့် arche noVa အဖွဲ့နှင့် စီမံချက်မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စိုပြေမြန်မာလူမှုဖွံ့ဖြိုးမှုအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်သော ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦ (40′ x 30′ x 21′) အား ဘိုက လေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စု လဝိုင်းကျွန်းအနောက်ကျေးရွာတွင်(၁)လုံး/ ဘိုကလေးမြို့နယ် ကျွန်းသာယာကျေးရွာအုပ်စု ပွတ်လုံးတိုင်ကျေးရွာတွင်(၁)လုံး စုစုပေါင်း (၂) လုံးဆောက်လုပ်ခဲ့ပြီး ယင်းအ ဆောက်အဦများ လွှဲပြောင်းပေးအပ်ပွဲကို (၂၇-၄-၂၀၁၇) ရက်နေ့၌ ဆတ်ကျွန်းကျေးရွာအုပ်စု လဝိုင်းကျွန်းအ နောက်ကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာများအကြောင်းနှင့် မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦး၏အသုံးဝင်ပုံနှင့် ပြုပြင်ထိန်းသိမ်းနည်းများကိုလည်း  ဆွေးနွေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် လေပြင်းဘေးပန်ကြားချက်စာရွက်များအား ဝေငှပေးခဲ့ကြောင်း သိရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events