လေပြင်းဘေးထောက်ပံ့မှုသတင်း

28 Pic-01

မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၇) ရက်နေ့ တွင် ဘူးသီးတောင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ယင်းမကျောင်း တောင်ကျေးရွာအုပ်စု၊  ယင်းမကျောင်းတောင်ကျေးရွာတွင် နေအိမ် (၈) လုံး ပြိုလဲ ပျက်စီးခြင်းအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးစီ နှင့် အမိုးလန် (၂၇) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီအား (၂၇-၄-၂၀၁၇) ရက်နေ့တွင် ဘူးသီးတောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့တဆင့် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events