ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်းတော်မြို့နယ်၊ သဲချောင်းကျေးရွာနှင့် ကြာအင်းကုန်းကျေးရွာတို့၌ (၂၅-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်းဆောင် (၁) ဆောင်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၀,၀၀၀) တို့အား (၂၇-၄-၂၀၁၇) ရက်နေ့တွင် အင်းတော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)