Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Mr. Arghya Sinha Roy ဦးဆောင်သောအဖွဲ့နှင့် Community and Family Services International (CFSI) အဖွဲ့မှ Mr. Steven Muncy ဦးဆောင်သောအဖွဲ့တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
Source: MSWRR ၄-၅-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် “မြန်မာနိုင်ငံပြည်သူလူထုသဘာဝဘေးရင်ဆိုင် တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေးအမျိုးသားအဆင့်မူဘောင်”ကို ၂၀၁ရခုနှစ်၊ မတ်လတွင် အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ အဆိုပါမူဘောင်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အာရှဖွံဖြိုးရေးဘဏ်မှ စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုဆိုင်ရာ နည်းပညာအကူအညီတစ်ရပ်ကို အမေရိကန်ဒေါ်လာ (၇.၅) သန်းဖြင့် ပေးအပ်နိုင်ရေးညှိနှိုင်းဆွေးနွေးရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ Mr. Arghya Sinha Roy ဦးဆောင်သောအဖွဲ့က ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား ယနေ့နံနက် (၉း၃၀) အချိိန်တွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အဆိုပါအကူအညီသည် စီမံချက် … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့ ညနေပိုင်းမှစတင်၍ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းအိမ်ခြေ (၁၉) လုံး၊ အိမ်ထောင်စု (၁၉) စု၊ လူဦးရေ (၁၀၀) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၀၀,၀၀၀)ကျပ် ၊ ဆန်ရိက္ခာဖိုးငွေ (၂၁၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား ပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ဗလဗကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ စာဝတီးကျေးရွာတွင် (၂၆-၄-၂၀၁၇) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် အိမ်ထောင်စု (၂) စု အမိုးလန် ပျက်စီးခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စု(၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုငွေ (၁) အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၆,၈၀၀) ကျပ်တို့အား (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဘူးသီးတောင်မြို့နယ်၊ ယင်းမာပင်ကျေးရွာမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၄-၄-၂၀၁၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ယင်းမာပင်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀၀၀၀) သိန်းကျပ်၊ အမိုးလန်ခဲ့သည့် နေအိမ် (၂၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၅၀၀၀၀) ကျပ်၊ သာသနာ့အဆောက်အဦ (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) သိန်းကျပ်နှင့် ဘေးသင့်လူဦးရေ (၂၄၀) ဦးအတွက် ဆန် (၇) ရက်စာဖိုးငွေ (၅၀၄၀၀၀) ကျပ် စုစုပေါင်း (၂၇၅၄၀၀၀) ကျပ်တို့အား (၃-၅-၂၀၁၇) ရက်နေ့တွင် မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ) … Read more
-
နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု (၈၀) စုစာ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီအတွက် တန်ဖိုးငွေ (၆၅၀,၄၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇,၃၆၀,၀၀၀ိ/-)ကျပ်နှင့် ဒဏ်ရာရသူတစ်ဦးအတွက်ထောက်ပံ့ငွေ (၅၀,၀၀၀ိ/)ကျပ်၊ စုစုပေါင်း (၈,၀၆၀,၄၀၀ိ/-) ကျပ်တို့အား (၂-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပ့့ံပေးခဲ့ပြီး သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆွေနွေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းများပြုလုပ်ခဲ့ပါသည်။ နမ်းစန်တပ်နယ်မှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ ဒေသခံအဖွဲ့အစည်းများနှင့် အဆိုတော်ချမ်းချမ်းတို့မှလည်း သွပ်အချပ်ရေ (၂၀၀၀) ကျော်အား ၀ိုင်းဝန်းစုပေါင်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ ကဟန်းကျေးရွာအုပ်စု၊ တောင်ဖီလာကျေးရွာ၌ (၂၈-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့တွင် အိမ်မဲမြို့၊ ခတ္တိယကျေးရွာအုပ်စု၊ ခတ္တိယကျေးရွာမှ ကျေးရွာပြည်သူလူထု(၁၀၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်၍ ဘေးမဖြစ်ခင် ဖြစ်နေစဉ် ဖြစ်ပြီး လုပ်ဆောင်ရမည့်အချက်များအား အသိပညာပေးခြင်း၊ ဦးစီးဌာနလုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းပြောကြားခြင်း၊ DAN Mobile Application အသုံပြုပုံ/အသုံးပြုနည်းများအားရှင်းလင်းပြောကြားခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်များ ဝေဌခြင်းနှင့် ဘေး (၉) မျိုးပါ ပိုစတာ ဝေဌပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန လပွတ္တာခရိုင်ဦးစီးးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၄-၅-၂၀၁၇) ရက်နေ့ တွင် လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများမှ လပွတ္တာမြို့၊ ဓမ္မိကာရုံကျောင်း၌ Mercy Corps မှ ဖွင့်လှစ်သော အခြေခံစက်ပြုပြင်သင်တန်းအပတ်စဉ် (၆) တွင် တက်ရောက်လျက်ရှိသော သင်တန်းသား (၇၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး နံရံကပ်ပိုစတာများဝေငှပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ သူဋေးချောင်းကျေးရွာအုပ်စု၊ ဝက်လွတ်ကျေးရွာမှ ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်း အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး(၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၁၀၀,၀၀၀) နှုန်းဖြင့် (၇၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၅,၆၀၀) ကျပ်တို့အား (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သောက်သုံးရေ လှူဒါန်းမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ဂျုတ်ကုန်းကျေးရွာအုပ်စု၊ ခင်းပြန့်ကြီးကျေးရွာမှ အိမ်ခြေ (၁၅၀)၊ အိမ်ထောင်စု (၁၇၀) ၊ လူဦးရေ (၇၅၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၂၀၀၀) အား (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်လှူဒါန်းပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)









