ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ သူဋေးချောင်းကျေးရွာအုပ်စု၊ ဝက်လွတ်ကျေးရွာမှ ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်း အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး(၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၁၀၀,၀၀၀) နှုန်းဖြင့် (၇၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၅,၆၀၀) ကျပ်တို့အား (၄-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)